မြန်မာနိုင်ငံ

ဗီဇာဌာန၏၀န်ဆောင်ခ စတာလင်ပေါင် ၅၅(အမေရိကန်ဒေါ်လာနှင့်ညီမျှသော် ၀န်ဆောင်ခ) ထပ်ဆောင်းပေးဆောင်ရပါမည်။ ထိုဝန်ဆောင်ခကို ဗီဇာလျှောက်ထားသော်နေ့တွင် ပေးဆောင်ရပါမည်။ အကယ်၍ လျှောက်ထားသူသည် ဗီဇာကြေးကင်းလွင့်ခွင့်ရရှိပါက ဤ၀န်ဆောင်ခပေးဆောင်ရန်မလိုအပ်ပါ။

လိပျစာ

VFS Global Services Burma Pty Ltd. အခန်း (၃၀၅)၊ Prime Hill Business Square၊ အမှတ် ၆၀၊ ရွှေတိဂုံဘု၇ားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း၊ မြန်မာနိုင်ငံ

အလုပ်ချိန် နာရီများ

  • အလုပ်ချိန် နာရီများ
    တနလာင်္နေ့ မှ သောကြာနေ့အထိ
    08:30 - 15:30
  • နိုင်ငံကူးလက်မှတ် လာယူခြင်း
    တနလာင်္နေ့ မှ သောကြာနေ့အထိ
    08:30 - 16:30

မလာရောက်မီ

သင်နှင့် အတူ ယူလာရန်

သင်သည် ရေးဖြည့်ပြီး ဗီဇာ လျှောက်လွှာနှင့် ပံ့ပိုးရေး စာရွက်စာတမ်း အားလုံးကို သင်နှင့်အတူ ယူဆောင်လာရမည်။

သင် လာတွေမည့် နေ့တွင်

သင်၏ ရက်ချိန်း အတွက် သွားသည့် နေ့မှာ၊ ဗီဇာ လျှောက်ရေး စင်တာသို့ 15 မိနစ် စောပြီး အရောက်လာပါ။ သင်၏ ရက်ချိန်းစာနှင့် လျှောက်လွှာ တစ်စုံလုံးနှင့် သင်၏ နိုင်ငံကူး လက်မှတ်ကို ယူဆောင်လာပါ။ သင်၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် ခရီးသွား စာရွက်စာတမ်းမှာ သက်တမ်းရှိသေးလျက် ဖက်နှစ်ဖက် ဗလာဖြစ်နေသည့် စာမျက်နှာ ရှိရပါမည်။

အချက်အလက်များ

ရယူသုံးနိုင်မှု

ဗီဇာရုံးဌာနများတွင် ၀ှီးချဲများလွယ်ကူစွာ သွားလာရန် လမ်းကြောင်းများရှိပါသည်။ လျှောက်ထားသူများမှာ မသန်မစွမ်းများ၊ သက်ကြီးရွယ်အိုများအတွက် အကူလိုက်ပါ ကူညီနိုင်ပါသည်။ ဓာတ်လှေကားများမှာ ထိုသို့လျှောက်ထားသူများအတွက် အဆင်ပြေစွာအသုံးပြုနိုင်ပါသည်။ ထို့အပြင် လျှောက်ထားသူများမှ အကူအညီ လိုအပ်ပါက VFS ၀န်ထမ်းများသို့ အကူအညီတောင်းခံနိုင်ပါသည်။

အချက်အလက်များ

လုံခြုံရေး

ဗီဇာရုံးဌာနသို့ လျှောက်ထားသူမှအပ အခြားသူများကို ၀င်ခွင့်မပြုပါ။ လျှောက်ထားသူ၏ အဖော်ဝင်ရောက်ခွင့်ပြုသူ များမှာ

  • အသက် ၁၈ နှစ်အောက် များအတွက် မိဘအုပ်ထိန်းသူ ၀င်ရောက်ခွင့်ပြုပါသည်။ ထိုသူသည် ဗီဇာရုံးဌာန၏ အဖွဲ့ဝင်များမဖြစ်ရပါ။
  • အသက်ကြီးရွယ်အိုများ၊ ဆေးကုသမူခံယူထားပြီး အကူအညီလိုအပ်သူများ အတွက် အဖော်တစ်ယောက်လိုက်ပါခွင့်ပြု၍ ကူညီနိုင်ပါသည်။ ထိုသူများအတွက် လုံခြုံရေးဝန်ထမ်းများကို အကြောင်းကြား၍ ၀င်ရောက်ခွင့်ရနိုင်ပါသည်။

ဗီဇာလျှောက်လွှာစင်တာအတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုများအား ခွင့်ပြုထားပြီးဖြစ်ပါသည်။ သို့ရာတွင် စင်တာအတွင်းအသုံးပြုပါက အသံပိတ်ထား၍သော်လည်းကောင်း၊ တုန်ခါမှုပြုလုပ်ထား၍သော် လည်းကောင်း အသုံးပြုရမည်ဖြစ်ပါသည်။

ဖုန်းကင်မရာများဖြင့် ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးမှုအား အပြင်းအထန်တားမြစ်ပါသည်။ စင်တာရှိ ၀န်ထမ်းများနှင့် တွေ့ဆုံချိန်တွင် မိမိ၏ဖုန်းများအား အဝေးတွင် ထားရပါမည်။

အိတ်များအား အကြီးဆုံး ၄၅စင်တီမီတာ၊ ၃၀ စင်တီမီတာ၊ ၂၀ စင်တီမီတာ ( ၁၈ လက်မ၊ ၁၂ လက်မ၊ ၈ လက်မ) ဆိုဒ်သာ စင်တာအတွင်းသို့ ယူဆောင်ခွင့်ပြုပါသည်။ ထိုအရွယ်အစားများထက်ကြီးသော အိတ်များအား ယူဆောင်ခွင့်မပြုပဲ သတ်မှတ်နေရာတွင် အပ်နှံထားရမည်ဖြစ်ပါသည်။

လုံခြုံရေးအကြောင်းပြချက်များကြောင့် အောက်ပါပစ္စည်းအမျိုးအမည်များကို ဗီဇာလျှောက်ထားရေးဌာန အတွင်းပိုင်းတွင် ခွင့်ပြုမည်မဟုတ် သို့မဟုတ် အဆောက်အအုံပိုက်နက်နေရာတွင် သိမ်းပေးမည်မဟုတ်ပါ

  • ကင်မရာများ၊ အသံနှင့် ဗီဒီယို ကက်ဆက်များ၊ CD များ၊ MP3 များ၊ လက်ပ်တော့ပ်များ သို့မဟုတ် အလွယ်တကူ သယ်ဆောင်နိုင်သည့် music player များ စသည်တို့ကဲ့သို့ ဘက်ထရီဖြင့်လည်ပတ်သည့် သို့မဟုတ် အီလက် ထရောနစ် နည်းပညာကိရိယာအားလုံး။ ခရီးဆောင်အိတ်များ၊ ကျာပိုးအိတ်များ၊ လက်ဆွဲအိတ်များ၊ ခရီးဆောင်လက်ဆွဲသေတ္တာများ၊ သားရေ၊ လျှာ် သို့မဟုတ် အထည်စဖြင့်လုပ်ထားသည့်အိတ်များ စသည်တို့ကဲ့သို့ အိတ်များအားလုံး။ သင့်လျှောက်လွှာနှင့်သက် ဆိုင်သော စာရွက်စာတမ်းများပါရှိသည့် ပလပ်စတစ်အိတ်ကိုသာ ခွင့်ပြုပါသည်။
  • ချိပ်ပိတ်ထားသည့်စာအိတ်များ သို့မဟုတ် အထုပ်များ။
  • မီးခြစ်ဆံဗူးများ/မီးခြစ်များ/လောင်စာ စသည်တို့ကဲ့သို့ မည်သည့် မီးတောက်စေနိုင်သော ပစ္စည်းပစ္စယမ
  • ကတ်ကြေး၊ မာင်းချဓားများ သို့မဟုတ် လက်သည်းတံစဉ်းများကဲ့သို့ မည်သို့သော ထက်သည့်၊ ချွန်သည့်အရာ ၀တ္ထုမဆို။
  • လက်နက် သို့မဟုတ် လက်နက်ကဲ့သို့အရာဝတ္ထုများ သို့မဟုတ် ပါက်ကွဲစေနိုင်သော မည်သည့်ပစ္စည်းအမျိုး အစားမဆို။

အထက်ပါစာရင်းမှာ ကန့်သတ်ချက်မရှိပါ။ လုံခြုံရေးအမှုထမ်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပေါ်မူတည်ပြီး အခြားပစ္စည်း အမျိုးအမည်များကိုလည်း တားမြစ်ပိတ်ပင်နိုင်ပါ

ဗီဇာလျှောက်ထားရေးဌာနသည် တားမြစ်ပိတ်ပင်ထားသည့် ပစ္စည်းအမျိုးအမည်များကို မသိမ်းထားပေးနိုင်ပါ။ လျှာက် ထားသူများသည် ဗီဇာလျှောက်ထားရေးဌာနထဲသို့မ၀င်ရောက်မီ မိမိတို့ပစ္စည်းများကိုသိမ်းရန် အခြားစီစဉ်မှုများ လုပ်သင့် ပါသည်။

နောက်ထပ် ပရီမီယံ ဝန်ဆောင်မှုများ

ဤစင်တာမှာ ရရှိနိုင်သည့် ဝန်ဆောင်မှုများ